အလိုက်သိလွန်းတဲ့ ကောင်မလေးဆီက လက်ဆောင်ရလို့ ပျော်နေတဲ့ အုပ်​စိုးခန့့်

ကိုရီးယားမင်းသားလေးလိုရုပ်ဖြောင့်ပြီးချစ်စရာကောင်းတဲ့အပြုံးတွေကိုပိုင်ဆိုင်ထားတဲ့အဆိုတော်အုပ်စိုးခန့်ကတော့အမိုက်စားသီချင်းတွေကိုလည်းအထာကျကျသီဆိုလေ့ရှိတာကြောင့်နှုတ်ခမ်းနီမလေးတွေရဲ့နှလုံးသားကိုပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။အချစ်ရေးမှာလည်းကံကောင်းလွန်းတဲ့အုပ်စိုးခန့်ကတော့လတ်တလောမှာအလိုက်သိတတ်တဲ့ကောင်မလေးဆီက ခရစ္စမတ်လက်ဆောင်ရလို့ ပျော်နေတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပါ။ ဂိမ်းဆော့ရတာကိုဝါသနာပါတဲ့ ချစ်သူအတွက် ဂိမ်းခွေတွေ လက်ဆောင်ပေးခဲ့တဲ့အုပ်စိုးခန့်ရဲ့ကောင်မလေးကတော့တော်တော်လေးကိုချစ်တတ်တာပဲနော်။

ချစ်ပရိသတ်တွေအတွက် ချစ်သူကောင်မလေးဆီက အလိုက်တသိလက်ဆောင်ရလို့ ပျော်နေတဲ့ အုပ်စိုးခန့်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အုပ်စိုးခန့်ကတော့ “Christmas present from her👧❤” ဆိုပြီး ချစ်သူကောင်မလေးရဲ့လက်ဆောင်လေးကို ထုတ် ကြွားထားတာပါ။

သီချင်းတွေကိုဆိုနေရရင်ပျော်နေတဲ့အုပ်စိုးခန့်ကတော့လတ်တလောမှာလည်း”TheNumberOne”ဆိုတဲ့တစ်ကိုယ်တော်အခွေလေးကိုပရိသတ်တွေရဲ့လက်ထဲထည့်ထားပါသေးတယ်။ပရိသတ်တွေအရမ်းကိုစိတ်ဝင်စားနေကြတဲ့သူ့ရဲ့ကောင်မလေးအကြောင်းကိုတော့ အုပ်စိုးခန့်က အတိအလင်းထုတ်ပြောထားခြင်းတော့မရှိသေးပါဘူး။အုပ်စိုးခန့်ကိုမှကြွေပါတယ်ဆိုတဲ့ ကောင်မလေးတွေကတော့အသည်းတွေကွဲနေကြမှာပါ။ချစ်ပရိသတ်တွေလည်းချစ်တတ်လွန်းတဲ့ကောင်မလေးကိုပိုင်ဆိုင်ထားတဲ့ အုပ်စိုးခန့်ကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။


Comments