လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Y3llo၊ PAST12၊Daniel Sawတို့နဲ့ Myanmar Idol Season 3 ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ချမ်းမြေ့မောင်ချိုတို့အတူပူးပေါင်းဖန်တီးထားတဲ့”WeAreOne”ဆိုတဲ့သီချင်းလေးကလူငယ်ပရိသတ်တွေရဲ့ကြားမှာ နာမည်ကြီးနေတာပါ။ မြူးကြွတဲ့ သံစဉ်လေးတွေနဲ့အတူ အမိုက်စားစာသားတွေနဲ့ ပရိသတ်တွေရဲ့စိတ်ကို ဆွဲခေါ်သွားနိုင်တဲ့ သီချင်းလေးမို့ ထပ်ခါထပ်ခါ နားထောင်မိသွားကြမှာ မလွဲပါပဲနော်။

ချစ်ပရိသတ်တွေအတွက် လူငယ်တွေကြားမှာ နာမည်ကြီးနေတဲ့ ချမ်းမြေ့မောင်ချိုပါဝင်သီဆိုထားတဲ့ Y3llo ရဲ့သီချင်းအသစ်ကို ဝေမျှပေးလိုက်ပါတယ်နော်။

Y3llo ကတော့ “PAST12x Y3llO x Chan Myae Mg Cho x Daniel Saw – We Are One (Myanmar Premium Countdown Official Anthem 2018)Enjoy our anthem and get ready to party with world’s best DJs, amazing firework shows and many morefunactivities!”ဆိုပြီးသူတို့ရဲ့သီချင်းလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။

ချမ်းမြေ့မောင်ချိုလေးကလည်းအဆိုပါသီချင်းဗီဒီယိုလေးမှာသူမရဲ့အသံချိုချိုလေးရယ်နဲ့အတူပါးပါးလေးသရုပ်ဆောင်ထားပါသေးတယ်။ဒီနေ့ခေတ်လူငယ်တွေရဲ့ ပျော်ရွှင်မှုဆိုတာတွေထဲမှာEDMပွဲတွေကလည်းမပါမဖြစ်ပဲမို့Dj တွေရဲ့အခန်းကဏ္ဍကလည်းအရေးကြီးလာပါပြီ။ချမ်းမြေ့မောင်ချိုလေးကတော့လတ်တလောမှာအနုပညာလှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်ဖြစ်နေတာပါ။ချစ်ပရိသတ်တွေလည်းY3llo၊PAST12၊DanielSawတို့နဲ့ချမ်းမြေ့မောင်ချိုတို့ရဲ့သီချင်းလေးကိုသဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Comments
Post a Comment