ခရစ္စမတ်မှာ မိခင်ဖြစ်သူဆီက KIA ကားတစ်စီး လက်ဆောင်ရခဲ့တဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင်ဘဝကတည်းကပရိသတ်တွေကိုခံစားချက်ရသတွေမျိုးစုံပေးနိုင်ခဲ့တဲ့ချစ်စရာကောင်မလေးယွန်းယွန်းကတော့ လက်ရှိမှာ အရောင်အသွေးစုံလင်တဲ့ အပျိုမလေး ဖြစ်လို့နေပါပြီ။ အရွယ်​​ရောက်​လာ​လေ ပိုပိုလှလာ​လေ ဖြစ်​တဲ့ ယွန်းယွန်း​လေးက​တော့ အခုဆိုရင်​ မင်းသမီးတစ်​ဦးအ​နေနဲ့ သရုပ်​​ဆောင်​​နေရပြီပဲ ဖြစ်​ပါတယ်​။ လတ်တလောမှာတော့ ယွန်းယွန်းလေးကခရစ္စမတ်မှာမိခင်ဖြစ်သူဆီကKIAကားတစ်စီးလက်ဆောင်ရခဲ့တယ်ဆိုတဲ့အကြောင်းလူမှုကွန်ယက်ပေါ်မှာ ကြည်ကြည်နူးနူးတင်ထားတာ တွေ့ရပါတယ်နော်။ အရမ်းကိုလိမ္မာတဲ့ သမီးလေးမို့မိဘနှစ်ပါးလုံးကလည်းယွန်းယွန်းလေးကို အရမ်းချစ်ကြတာပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေအတွက်ပျော်ရွှင်စရာကောင်းတဲ့ခရစ္စမတ်နေ့လေးမှာနှစ်သက်ဖွယ်လက်ဆောင်လေးရရှိခဲ့တဲ့ယွန်းယွန်းရဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နော်။ယွန်းယွန်းကတော့”MOM’SCHRISTAMASPRESENTFORME”ဆိုပြီးမိခင်ဖြစ်သူကKIAကားလေးတစ်စီးခရစ္စမတ်မှာလက်ဆောင်ပေးခဲ့တဲ့အကြောင်းကိုသူမရဲ့အင်စတာဂရမ်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။
ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ယွန်းယွန်းရဲ့အချစ်ရေးကတော့အခုအချိန်အထိကိုအေးဆေးငြိမ်သက်နေဆဲဖြစ်ပြီး၊ချစ်သူရှိလာရင်တော့ ပရိသတ်တွေကို အသိပေးသွားမယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေဆိုထားပါသေးတယ်။
ယွန်းယွန်းက​တော့ လတ်​တ​လောမှာ ဇာတ်​ကား​တွေဆက်တိုက်ရိုက်ကူးဖြစ်​​နေပြီးတစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ကိုင်​ဖြစ်​​နေတာ ​တွေ့ရပါတယ်​။သရုပ်​​ဆောင်ပီပြင်လွန်းတာ​ကြောင့်​လည်းက​လေးသရုပ်ဆောင်ဘဝမှာ”တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆု ရရှိထားပါသေးတယ်။ ချစ်​ပရိသတ်​​တွေလည်းမိခင်ဖြစ်သူဆီကတန်ဖိုးကြီး ခရစ္စမတ်လက်ဆောင်ရလို့ ပျော်နေတဲ့ ယွန်းယွန်း​လေးကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Comments