ရွှေထူးရောက်မလာခဲ့လို့ အဆိုတော်တွေအားလုံး ပိုပင်ပန်းခဲ့တဲ့ မော်လမြိုင်က The Evolution ပွဲ

မနေ့က Christmas နေ့လေးမှာ မော်လမြိုင်မှာကျင်းပတဲ့The Evolutionပွဲလေးမှာ အဆို တော်တွေအများအပြားနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ဒီပွဲလေးဟာဖျော်ဖြေသူအဆိုတော်အများအပြားနဲ့ ပျော်ရွှင်စရာ Christmas ပွဲတော်လေးဖြစ်ခဲ့တဲ့အကြောင်းကို အိမ့်ချစ် တစ်ယောက် သူမရဲ့လူမှုကွန်ယက်ကနေတဆင့် ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲလေးမှာ အားပေးကြမ်းခဲ့ကြတဲ့ ပရိသတ်တွေကြောင့် သူမက ပင်ပန်းပေမယ့် ပျော်ရွှင်ရကြောင်းဆိုပါတယ်။
ဖခင်ဖြစ်သူဦးချစ်ကောင်းရဲ့ ဂီတအမွေကိုအပြည့်အဝခံယူခဲ့ပြီးလက်ရှိမှာလည်း မောင်ဖြစ်သူနဲ့အတူသီချင်းတွေတွဲဖက်သီဆိုနေတာပဲ ဖြစ်ပါတယ်။အောင်မြင်တဲ့အဆိုတော်တစ်ဦးလည်းဖြစ်ပြီးသီချင်းခွေတွေလည်းထွက်ရှိထားကာပရိသတ်အားပေးမှုတွေဝန်းရံမှုတွေကိုအပြည့်အ၀ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ညိုချောလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့အမူ အရာလေးတွေနဲ့ သံစဉ်လေးတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းခဲ့ပါတယ်။
သူမတို့ဖျော်ြေ်ဖပွဲကပုံရိပ်လေးတွေကို”မနေ့က အသားကုန်ဆိုရတဲ့ပွဲပဲ ၄၅ မိနစ်တောင်ဆိုတာ နည်းနည်းနောနောလား.? တစ်စုံတစ်ယောက်ရောက်မလာနိုင်တာကြောင့်မနေ့ကသူ့အစားအဆိုတော်တွေအားလုံးတစ်ယောက်ကို၁၀ပုဒ်၁၁ပုဒ်လောက်စီဆိုခဲ့ရပေမယ့်တစ်ချက်လေးတောင်ငြိမ်မသွားပဲအဆိုတော်အားလုံးကိုအားပေးခဲ့တဲ့ မော်လမြိုင်ပရိတ်သတ်ကြီးချက်ချင်းစီစဥိပြီးလှမ်းခေါ်ရတဲ့special guestကိုအချိန်မီစေဖို့အဆိုတော်တွေအကုန်တစ်ယောက်၄၅မိနစ်ဖျော်ဖြေကြတာကို မညဉ်းမညူ အားပေးခဲ့ကြတဲ့မော်လမြိုင်ပရိတ်သတ်ကြီး ကျေးဇူးအများကြီးတင်ပါတယ် ဒီလိုချစ်စရာကောင်းတဲ့ပရိတ်သတ်တွေနဲ့ Christmas တိုင်းဆုံခွင့်ရအောင် စီစဉ်ပေးတဲ့ The Evolution အဖွဲ့သားများကိုလဲ ကျေးဇူးအထူးပါရှင့်. ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။
Photo – Eint Chit

Comments