ရွှေထူးရဲ့ပျက်ကွက်မှုတစ်ခုအတွက် မော်လမြိုင်က ပရိသတ်တွေကို ယောကျာ်းကိုယ်စား တောင်းပန်စကားဆိုပေးလိုက်တဲ့ ရွှေမှုန်ရတီ

ရွှေထူးနဲ့ရွှေမှုန်ရတီတို့ဇနီးမောင်နှံကတော့လက်ရှိမှာလက်ထပ်ထိမ်းမြားပြီးပြီဆိုပေမယ့်လည်းဝေဖန်တိုက်ခိုက်မှုဒဏ်တွေကိုခံနေရဆဲဖြစ်ပါတယ်။ဒီနေ့မနက်မှာလည်းရွှေမှုန်ကသူမရဲ့ခင်ပွန်းအတွက်အားပေးစကားအချို့ကိုပြောကြားခဲ့တာတွေ့ရပါတယ်။ဒါ့အပြင်ပြီးခဲ့တဲ့နာရီပိုင်းအတွင်းမှာတော့ရွှေမှုန်တစ်ယောက်ခင်ပွန်းကိုယ်စားပရိသတ်တွေကိုတောင်းပန်စကားဆိုလိုက်ရတယ်လို့ သိရပါတယ်။
ရွှေမှုန်ရဲ့ ပြောကြားချက်အရ ဒီနေ့ ဒီဇင်ဘာလ ၂၅ရက်နေ့၊ ခရစ်စမတ်နေ့လေးမှာ ရွှေထူးက မော်လမြိုင်မြို့ အမှတ်(၂) လှိုင်ကွင်းမှာ မြန်မာဘီယာကကျင်းပြုလုပ်မယ့် The Evolution “Hexagonal Era” ဆိုတဲ့ Music show ပွဲကြီးမှာ ပါဝင်ဖျော်ဖြေဖို့အတွက်လက်ခံခဲ့ပါတယ်။ဒါပေမယ့်ဒီနေ့မှာတော့ရွှေထူးရဲ့ကျန်းမာရေးအခြေအနေကအမှန်တကယ်ဆိုးရွားနေတာကြောင့်မော်လမြိုင်ကပွဲလေးကိုပျက်ကွက်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၂၃ရက်နေ့ပြင်ဦးလွင်မှာပြုလုပ်ခဲ့တဲ့ပန်းပွဲတော်မှာဖျော်ဖြေပြီးကတည်းကရွှေထူးတစ်ယောက်ဖျားပြီးအသံပါမထွက်နိုင်တဲ့အထိနေမကောင်းဖြစ်နေခဲ့တာလို့သိရပါတယ်။
ဒါကြောင့် ရွှေထူးကိုယ်တိုင်လည်း သူရဲ့ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့သလို ရွှေမှုန်ကလည်း သူရဲ့ခင်ပွန်းကိုယ်စား စိတ်မကောင်းစွာနဲ့တောင်းပန်စကားဆိုပေးခဲ့ပါတယ်။ဒီလိုနေမကောင်းဖြစ်ပြီးပျက်ကွက်ခဲ့ရတဲ့အဖြစ်မျိုးကရွှေမှုန်သိရသလောက်ရွှေထူးအတွက်ပထမဆုံးဖြစ်တယ်လို့လည်းသိရပါတယ်။ပရိသတ်တွေလည်းရွှေရွှေတို့ဇနီးမောင်နှံလေးကိုဆက်လက်အားပေးကြဖို့တိုက်တွန်းပေးလိုက်ပါရစေ။ရွှေမှုန်နဲ့ရွှေထူးတို့ရဲ့ပြောကြားချက်တွေကိုလည်းအောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Comments