ဆန်းသစ်တဲ့ လူငယ်ဆန်ဆန် အကြမ်းစားပုံရိပ်တွေနဲ့ အူယားအောင် လုပ်လိုက်ပြန်တဲ့ အောင်ရဲလင်းနဲ့ ဝတ်မှုံရွှေရည်

အောင်မြင်တဲ့အနုပညာရှင်တွေထဲမှာပရိသတ်တွေရဲ့အချစ်တွေကိုအများဆုံးရရှိထားတဲ့ပြည်သူ့အချစ်တော်တွေထဲမှာမင်းသားချောလေးအောင်ရဲလင်းနဲ့မင်းသမီးချောလေးဝတ်မှုံရွှေရည်တို့ကတော့အားလုံးရဲ့အသည်းကျော်လေးတွေပါနော်..။အနုပညာအလုပ်တွေကို နှစ်ယောက်အတူ တွဲဖက်လုပ်ဆောင်နေတဲ့ အချစ်တော်လေးနှစ်ယောက်ရဲ့ လူငယ်ဆန်ဆန်ဆန်းသစ်တဲ့ အမိုက်စားသရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေကို ရင်ခုန်အောင် လုပ်လိုက်ပြန်ပါတယ်နော်..။
မကြာခင်ကမှ ထွက်ရှိထားတဲ့ Ar-T ရဲ့ Music Video လေးဖြစ်တဲ့ Moving Colors MV Collectionအခွေလေးထဲမှာ အလွင့်စားပုံရိပ်လေးတွေနဲ့နှစ်ယောက်အတူပါဝင်သရုပ်ဆောင်ရိုက်ကူးပေးထားတာမို့သူတို့နှစ်ယောက်ရဲ့အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်နော်..။
MovingColorsအခွေလေးထဲမှာတော့”ပျင်းခဲ့ပြီ”ဆိုတဲ့သီချင်းလေးထဲမှာသာမာန်မြင်တွေ့နေကျပုံစံမျိုးလေးနဲ့ကွဲထွက်နေပြီး ခပ်မိမိစတိုင်လ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေ ဖမ်းစားသရုပ်ဆောင်ချက်တွေက လုံးဝအမိုက်စားပါပဲလို့ ဆိုရမှာပါ ပရိသတ်ကြီးရေ..။
ဘဝရဲ့အမှတ်တရအဖြစ် သီချင်း (၁၄)ပုဒ်လုံးကို Music Video လေးရိုက်ကူးထားပြီး အရင်မြင်တွေ့နေကျပုံစံမျိုး မဟုတ်ပဲ ပြောင်းလဲမှုတွေနဲ့ အမိုက်စားကြိုးစားထားမှုတွေကို မြင်တွေ့ရမယ့် အဆိုတော် Ar-T ရဲ့MovingColorsMVCollection ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၃)ရက်နေ့မှာ စထွက်ရှိထားပြီး ရောင်းအား အကောင်းဆုံးသီးချင်းခွေလေးပဲ ဖြစ်ပါတယ်..။
အမိုက်စား တေးသီချင်းတွေနဲ့ ရက်ပိုင်းအတွင်း ရောင်းအားအကောင်းဆုံး အခွေလေးဖြစ်ခဲ့တဲ့ Ar-T ရဲ့ Moving Colors MV Collection Orginal အခွေလေးကို အားပေးရင်း သီချင်းအလန်းစားလေးတွေနဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေကို ကြည့်ရှု့လိုက်ရအောင်နော်..။

Comments