[သင်ဇာဝင့်ကျေ]ဖ့ဘုတ်သုံးစွဲသူတွေကြားမှာအမြဲလိုလို ဂယက်ထစေခဲ့

သရုပ်ဆောင် သင်ဇာဝင့်ကျော်တစ်ယောက်ကတော့ ဖေ့ဘုတ်သုံးစွဲသူတွေကြားမှာအမြဲလိုလို ဂယက်ထစေခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် သူမရဲ့ ပွဲတက်ဖက်ရှင်တွေဟာ ဆက်စီဘက်ကိုသွားတာဖြစ်တဲ့အတွက်ကြောင့် ဝေဖန်သူပရိသတ်တွေများပြားခဲ့တာဖြစ်ပါတယ်။
  အာင်သီရိစိန်တိုက်ဖွင့်ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ သူမဖက်ရှင်ပေါ်မှာလည်း ဝေဖန်မှုတွေရှိပြီးတဲ့နောက် သူမက ဒီနှစ်ကုန်အထိ ပွဲတွေလက်ခံထားတာဖြစ်တဲ့အတွက်ကြောင့် အနည်းငယ်လွန်သွားရင် တောင်းပန်ပါတယ်လို့ ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါသေးတယ်။
ဒီလိုမေတ္တာရပ်ခံခဲ့တဲ့နေရာမှာလည်း သူမအနေနဲ့ အရမ်းကြီး ခပ်ဟော့ဟော့ ဝတ်ဆင်တော့မှာမဟုတ်ဘဲနဲ့ လုံးဝမဝတ်တော့ဘူးလို့ ပြောဆိုတာ မဟုတ်ဘူးလို့ ဆိုပါသေးတယ်။ သူမအနေနဲ့ ပွဲတက်ဝတ်စားမှုတွေကိုတော့ ဝတ်ဆင်နေဦးမှာဖြစ်တယ်လို့ သိရပါတယ်။
သူမရဲ့ ဖက်ရှင်တွေနဲ့ ပတ်သတ်လို့ ပရိတ်သတ်တော်တော်များများက ဝေဖန်နေသလို ရုပ်ရှင်အစည်းအရုံးကလဲ သူမကို ဘယ်လိုလုပ်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ပြောပါတယ်
သူမရဲ့ ဖက်ရှင်တွေကို လက်မခံနိုင်တဲ့ ပရိတ်သတ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်နေတာကို တွေ့ရပါတယ်ခုဖော်ပြပေးမှာကတော့ သင်ဇာဝင့်ကျော်အတွက် သီချင်းတစ်ပုဒ်နဲ့ သီဆိုထောက်ပြလိုက်တဲ့ Video လေးပါ

Comments