ခန္ဓာကိုယ်ကောက်ကြောင်းလှလွန်းတာကြောင့် နာမည်ကြီးတဲ့မြန်မာမင်းသမီးတွေထဲမှာတော့ဘေဘီမောင်လည်းပါပါတယ်။ ဘေဘီမောင်ကတော့ မော်ဒယ်လောကထဲ စဝင်တဲ့အချိန်မှာတုန်းကခန္ဓာကိုယ်ကောင်ကြောင်းအလှပေါ်လွင်တဲ့ဝတ်စုံတွေနဲ့ ဓါတ်ပုံရိုက်ခဲ့ပြီးပုရိသတွေရဲ့ဝန်းရံမှုကိုရရှိခဲ့ပါတယ်။လက်ရှိမှာတော့အသက်အရွယ်ရလာတာကြောင့်ရိုးရိုးယဉ်ယဉ်ဝတ်စားမှုတွေကိုပဲ တွေ့ရတာများလာပြီး သူ့အနေနဲ့လည်း ငယ်ငယ်တုန်းကဝတ်ခဲ့တဲ့ပုံတွေကိုအခုချိန်မှာပြန်ကြည့်ရင်ရှက်တယ်ဆိုပြီး ဖွင့်ဟလာခဲ့ပါတယ်။ ဘေဘီမောင်ကတော့မကြာခင်သေးခင်ကပဲချစ်သူချောချောလေးကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ဘေဘီမောင်ကတော့MC7နဲ့အင်တာဗျူးတွင်Sexyအကျီင်္ဝတ်တာတွေနဲ့ပတ်သက်ပြီး“အမအဲ့လိုမျိုးဝတ်စုံတွေမဝတ်တာတော်တော်ကြာပါပြီ။အသက်ကြီးပြီးအသိကြီးလာတဲ့အခါမှာဘုရားတရားတွေလုပ်လာတာများလာတော့သိလာတယ်။ကိုယ်ကိုယ်တိုင်လည်းအသက်အရွယ်ရလာတော့ရှက်လာတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ငယ်ငယ်တုန်းကပုံတွေပြန်ကြည့်လိုက်ရင် ရှက်တယ်။ ကိုယ့်ကိုကိုယ်လေတမျိုးပဲ။အခုချိန်မှာတခြားမော်ဒယ်လေးတွေအရမ်းအလန်းလုပ်တဲ့အခါမှာသိပ်ပြီးတော့ မကြိုက်ဘူး။မကြိုက်ဘူးဆိုတာကကိုယ့်ညီမလေးတွေလိုအစ်မလိုချစ်တဲ့အခါသူတို့အလွန်အကြူးတွေဝတ်ရင်နှမြောတယ်လေ။ စိတ်ကိုကပြောင်းသွားတာ။ အရင်တုန်းကဆိုရင် ကိုယ့်ကိုခပ်လန်းလန်းဝတ်မှ မိုက်တယ်လို့ ထင်တာ။ အခုချိန်မှာတော့ ရိုးနိုင်သမျှရိုးလေ ကျက်သရေရှိလေ လှလေလို့ ခံစားမိလာတယ်။ ဒါကတော့ အသက်အရွယ်ရလာလို့ ပြောင်းလဲလာတာပါ”

“ချစ်သူကတော့ကိုယ့်ကိုချစ်တာဆိုတော့ကိုယ်ဘယ်လိုဝတ်ဝတ်ချစ်တာပေါ့။ဘာမှပြောမှာလည်းမဟုတ်ဘူး။သူကိုယ့်ကိုနားလည်တယ်။ကိုယ့်ဘဝကိုနားလည်ပေးတယ်။သူဘာမှတော့မပြောပါဘူး။ဒါပေမယ့်လည်းသူမပြောပေမယ့်သူ့မျက်နှာလေးကို ကိုယ်တခုခု မလုပ်ခင်ကြည့်ရမယ်လေ။ သူကကိုယ့်ကို ချစ်တဲ့သူဖြစ်တာကြောင့် တခုခုဆို သူ့မျက်နှာလေးကို မြင်ယောင်ပြီး ဘယ်တော့မှ သူ့မျက်နှာညှိုးနွမ်းအောင် မလုပ်ပါဘူး”


“တချို့Commentတွေမှာပြောထားတာတွေတွေ့ပါတယ်။ဘာမှမဖြစ်ပါဘူး။ကိုယ့်ကိုချစ်လို့ပြောတာပဲလေ။ကိုယ်ကအရင်တုန်းက မော်ဒယ်လုပ်တုန်းက ခပ်လန်းလန်းလေးတွေ ဝတ်တော့၊ Sexyလုပ်တဲ့မော်ဒယ်ကြီး၊အရင်တုန်းကတော့ဟိုပေါ်ဒီပေါ် ရိုက်တဲ့သူဆိုပြီးတော့Commentတွေလည်းရေးတယ်။ဒါပေမယ့်လည်းသူ့ကိုပဲအားနာတာပါ။ကိုယ်ကတော့ဘာမှမဖြစ်ပါဘူး။ဘေဘီကအရင်တုန်းကလည်းဓါတ်ပုံတွေပုံရိုက်ခဲ့တယ်ဆိုတာကအဖော်အချွတ်ကြီးလည်းမရိုက်ခဲ့ဘူး။အရမ်းရိုင်းပြီးတော့ လူတွေ မုန်းရလောက်တဲ့အထိလည်း မရိုက်ခဲ့ဘူး။ ဘေဘီအသက်နဲ့ရင်းပြီး အာမခံရဲတယ်။

ခုချိန်မှာဘေဘီကိုဘာကမ်းလှမ်းလည်းဘေဘီရိုက်မှမဟုတ်ဘူး။ကြားထဲမှာလာကမ်းလှမ်းတာတွေရှိပါတယ်။ဘေဘီလက်မခံပါဘူး။ဒါပေမယ့်လည်းတခါတလေကျတော့ပိုက်ဆံအရမ်းများတဲ့အခါအသက်အရွယ်အရဆိုရင်တော့လိုချင်တာပေါ့။နောက်တော့ ပိုက်ဆံတခုထဲ ကြည့်လို့မရဘူးလေ။ ကိုယ့်ဘဝရှိသေးတယ်လေ။ ပြီးတော့ ချစ်သူကမတားတော့ကိုယ့်ဖက်ကပိုတောင် မလုပ်ချင်သေးတယ်။ သူတားရင်တော့ လုပ်ရင်လုပ်ဦးမယ်။ ဘေဘီက ကိုယ့်ကို တားရင်မကြိုက်ဘူးလေ။သူကမတားတော့ သူ့မျက်နှာကိုမြင်ပြီးမလုပ်ချင်တော့ဘူး။သူ့မျက်နှာကိုမြင်ပြီးတော့ကိုယ်လည်းမြန်မာဝတ်စုံလေးတွေဝတ်ပြီးအေးဆေးနေတာပါ”


Comments
Post a Comment