မိသားစုလုပ်ငန်းမှာ ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်တဲ့ မေကဗျာသမီးလေး ဂင်္ဂါမေ

မေကဗျာကတော့ သမီးလေးတစ်ယောက်နဲ့အတူမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတ်ယ။ အနုပညာလောကထဲကို ဝင်ရောက်လာတာ အချိန်အတော်ကြာခဲ့ပြီဖြစ်တဲ့ မေကဗျာဟာ ကလေးတစ်ယောက်မိခင်လို့ မဆိုရလောက်အောင် နုပျိုချောမောလှလွန်းတဲ့သူပါ။ လိမ္မာရေးခြားရှိလွန်းလှတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကျောင်းစာမှာလည်း ကြိုးစားလွန်းတဲ့ သမီးလေးကြောင့်စိတ်ချမ်းသာခဲ့ရတာကတော့ မေကဗျာပဲဖြစ်ပါတယ်။
မေကဗျာရဲ့ သမီးလေး ဂင်္ဂါမေဟာ မိခင်လို အနုပညာလုပ်ငန်းတွေကိုဝါသနာပါသူမဟုတ်ပေမယ့် ယခုအသက်ရွယ်တည်းက မိသားစုလုပ်ငန်းမှာ ဝင်ရောက်ကူညီလုပ်ကိုင်ပေးနေပြီဖြစ်ပါတယ်။ သူမတို့မိသားစုလေးဟာ Rose Princess ချည်ထိုးစက်ရုံလေးကို တည်ထောင်ထားတာဖြစ်ပြီးတော့ သမီးဖြစ်သူ ဂင်္ဂါမေက ပန်းဒီဇိုင်း၊ ချိတ်ဒီဇိုင်းတွေကို ဆွဲပေးနေတာဖြစ်ပါတယ်။
ဂင်္ဂါမေလေးဟာ ငယ်ရွယ်သေးပေမယ့် ဘုရား၊ တရားကိုလည်း ရိုသေကိုင်းရှိုင်းသလို မကြာခဏလည်း တရားစခန်းတွေကို မိမိသဘောအလျှောက်ဝင်တတ်သူတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကာလအချိန်မှာပင် မိဘကအားကိုးရတဲ့ သမီးလေးတစ်ဦးဖြစ်နေခဲ့ပြီးတော့ ကျောင်းပညာရေးဘက်မှာလည်း မလစ်ဟင်းအောင် ကြိုးစားနေခဲ့သူလေးပါ။


Comments