မကြာခင်မှာ ပြုလုပ်တော့မယ့် ၂၀၁၈ အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနားက နီးကပ်လာပါပြီ ။၂၀၁၈တစ်ခုလုံးမှာလည်း ဇာတ်ကားကောင်းများစွာနဲ့ သရုပ်ဆောင်ထူးချွန်ပြောင်မြောက်တဲ့ အနုပညာရှင်ပေါင်းများစွာ ပေါ်ထွက်ခဲ့ပါတယ် ။ အဲဒီလို ဇာတ်ကားကောင်းတွေထဲကနေ ပရိသတ်တွေအနေနဲ့ထင်ကြေးပေးနေကြတဲ့ အမျိုးသားဇာတ်ပို့တွေအများအပြားရှိပါတယ် ။ အဲဒီထဲကမှ၂၀၁၈အတွက်အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုဆန်ကာတင်ရွေးချယ်ခံထားရတဲ့မင်းသားတွေကိုဖော်ပြပေးလိုက်ပါတယ် ။
အောင်မြင့်မြတ် ( ဥပါယ်တံမျဉ်)
ပထမဆုံးပွဲဦးထွက်ကားဖြစ်သလိုပထမဆုံးကားမှာတင်ကိုသိန်းစိုးဆိုတဲ့ဗီလိန်ကာရိုက်တာကိုပရိသတ်တွေအားပေးကြမ်းခဲ့တာပါ ။ ” ခင်ဗျားဆင်းရဲဖူးလား ဆင်းရဲရင် ဘယ်သူမှ စောက်ဖက်မလုပ်ဘူး ” ဆိုတဲ့ ကိုသိန်းစိုးရဲ့ ဒိုင်ယာလော့လေးဟာ လည်းပရိသတ်တွေကြားထဲမှာအထူးရေးပန်စားခဲ့ပါသေးတယ်။ပထမဆုံးရုပ်ရှင်ကားကြီးနဲ့အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ အောင်မြင့်မြတ်ဘယ်လောက်သရုပ်ဆောင်ကောင်းတယ်ဆိုတာ ပရိသတ်တွေသိပြီး ဖြစ်မှာပါနော် ။
ကျော်ကျော်ဗိုလ်
ရဲရင့်အောင် ( ငါ့ကိုနမ်းတဲ့မုန်တိုင်း)
ငါ့ကိုနမ်းတဲ့ မုန်တိုင်းကားမှာ ဗီ လိန်နေရာကနေသရုပ်ဆောင်ထားပြီးအချစ်ကြီးတဲ့ယောက်ျားတစ်ယောက်ရဲ့ကာရိုက်တာကို သရုပ်ဆောင်ခဲ့တာပါ။ဒီကားမှာရဲရင့်အောင်ရဲ့သရုပ်ဆောင်ကောင်းမှုတွေကိုပရိသတ်တွေလက်ခံခဲ့တဲ့ကားကောင်းတစ်ကားပါ ။
Comments
Post a Comment