အရမ်းကြိုက်ခဲ့တဲ့ မင်းသား ဒေါင်းအပေါ် နေခြည်ဦးရဲ့ ရင်ဖွင့်စကား

နေခြည်ဦးက ယောက်ျားလေးသူငယ်ချင်းများတာကြောင့်ပရိသတ်တချို့ရဲ့ ဝေဖန်မှုကို ကြုံတွေ့ဖူးတယ်လို့ ဆိုပါတယ်. အဲ့ဒီနောက် သူအရမ်းကြိုက်ခဲ့တဲ့ မင်းသား ဒေါင်း အပေါ် လက်ရှိခံစားချက်ကိုလည်း အခုလို ပြောပြထားပါတယ်နေခြည်ဦးဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သူ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်.သူမအနေနဲ့ ပွင့်ပွင့်လင်းလင်းနေတတ်သူဖြစ်သလို ယောက်ျားလေး အပေါင်း အသင်းလည်းများတဲ့သူပါ.ဒီလို ယောက်ျားလေး သူငယ်ချင်းတွေ များတဲ့ အပေါ်ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေ ခံရတယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်.
” အစက လင်တရူးလို့ပြောတာ အဲ့ဒါကို နေခြည်သူငယ်ချင်းတွေက လင်တရူးလို့ ပြောတာ ရိုင်းတယ်တဲ့.ခင်မြဦး လို့ပြောတဲ့. ပြောလည်း ပြောချင်စရာပဲလေ ကိုယ့်မှာလည်း သူငယ်ချင်းက ယောက်ျားလေးပဲ များတာကိုး မိန်းကလေးသူငယ်ချင်းဆိုလို့ တစ်ယောက် နှစ်ယောက်ပဲ ရှိတာဆိုတော့ ယောက်ျားလေး အကုန်လုံးနဲ့ ဟိုလူနဲ့ပေးစား ဒီလူနဲ့ပေးစားဆိုတော့ နေခြည်ကိုယ်တိုင် နေခြည့်စိတ်ထဲမှာ သူငယ်ချင်းတွေကို ဘယ်လိုခင်တယ်ဆိုတာ သူငယ်ချင်းတွေ အသိဆုံးပါ”လို့ သူကဆိုပါတယ်.
နေခြည်ဦးရဲ့ အကြိုက်ဆုံး မင်းသားတစ်ယောက်ကိုလည်းပရိသတ်တွေသိထားပြီးဖြစ်ပါတယ်အဲ့ဒါကတော့ သရုပ်ဆောင် ဒေါင်း ဖြစ်ပါတယ်. လက်ရှိမှာတော့ မိန်းကလေး ပရိသတ် အများစုရဲ့ ပါးစပ်ဖျားမှာ ဒေါင်းက ရေပန်းစားနေတာကြောင့် အခုတော့ မကြိုက်တော့ဘူးလို့ ဆိုပါတယ်.
” အခုတော့ မCrush တော့ဘူး လူတွေက အရမ်းCrush တော့ ကိုယ် မCrush တော့ဘူး. အရင်တုန်းကတော့ ကို ဒေါင်းကို အရမ်းCrush တာလေ ကိုဒေါင်းနဲ့ကြော်ငြာရိုက်မယ်ဆိုတော့ ပျော်နေတာလေ. အခုလည်းကျတော့ တစ်နိုင်ငံလုံးက ဒေါင်း ဒေါင်း ဆိုတော့ ကိုယ်သိပ် မ Crush တော့ဘူး.အရပ်ရှည်ရှည်ကောင်လေးတွေဆိုရင်တော့ ရင်ခုန်တယ်. ” ဆိုပြီးတော့ ကိုယ်ပွားရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်.
အဲ့ဒီနောက် ပွင့်ပွင့်လင်းလင်းနဲ့ အပေါင်းအသင်းလည်းများတဲ့ နေခြည်ဦးက သူမနဲ့ စိုင်းစိုင်းခမ်းလှိုင် တို့ရဲ့ ဆက်ဆံရေးကို အခုလို ပြောပြလာပါတယ်. သူမဟာ Sai အလှကုန်ပစ္စည်း အတွက်ကိုလည်း ကြော်ငြာ ရိုက်ပေးခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်.” သူက ကိုယ့်ကို အသက်ကြီးသွားတော့ မကမ်းလှမ်းတော့ဘူးလေ. ဟုတ်တယ် သူက ကိုယ့်ကို အသက်ကြီးပြီပဲ ပြောတာ. ဒါပေမယ့် Sai အလှကုန်ပစ္စည်းအတွက်ကိုလည်း ကြော်ငြာ ရိုက်ပေးဖူးပါတယ်. ပြီးတော့ သူ့ရဲ့ မိတ်ကပ် Brand လေးကိုလည်း တောက်လျှောက် Promote လုပ်ပေးနေတာပါ” လို့ ဆက်လက်ပြောပြထားပါတယ်.
နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိလာတော့မှာပါ။

Comments